Generation အပျောက်ခံတော့မှာလား မိအေးရယ်
မိအေး
- - လူပုံက ပိန်ပိန်ပါးပါး အသားက ဖြူဖြူနဲ့ သူမဟာ တကယ့်ကို
ရန်ကုန်သူကြီးဆိုပါတော့ ။ မိအေးအိမ်က စီးပွားရေး
လည်းအရမ်းကြီးဆိုးဆိုးရွားရွားမဟုတ်ပါဘူး ။
ချောင်ချောင်လည်လည်နဲ့သားသမီးတွေကို ပညာ သင်ပေးနိုင် တဲ့အခြေအနေဆိုပါတော့ ။
မိအေးမှာ မိနှင်းဆိုတဲ့ ညီမလေးတစ်ယောက်ရှိတယ် ။ သူနဲ့လေးနှစ် ကွာ တာပေါ့ ။
မိအေးဆယ်တန်းအောင်ပြီးတော့ ထုံးစံအတိုင်း တခြားသူတွေ လို ယောင်
ချာချာနဲ့ကွန်ပြူ တာသင် တန်းလိုလို စာရင်းကိုင်လိုလို နဲ့တစ်နှစ်လောက်
တက်လိုက်တယ် ။ အဲဒီလိုနဲ့အချိန်တွေကြာ လာတာနဲ့ အမျှ မိအေးမှာ
သူငယ်ချင်းတွေလည်းတဖြေးဖြေးများလာခဲ့တယ် ။ ၂၀၁၀ ခုနှစ်နောက်ပိုင်းမှာ
မြန်မာနိုင်ငံမှာ အကြီး ဆုံးရော ဂါကြီးတစ်ခု
စွဲကပ်နေတဲ့အချိန်နဲ့မိအေးကြုံခဲ့ရတယ် ။ အဲဒီရောဂါကြီး က မြင်ရတွေ့ ရတဲ့ရော
ဂါတစ် ခုတော့မဟုတ်ပါဘူး ။ ဒါပေမယ့် လူငယ်တိုင်းလိုလို မိအေးတို့လို
မြီးကောင်ပေါက်အရွယ်တွေမှာ ဒီရောဂါ က အသွေးအသားထဲအထိ
တဖြည်းဖြည်းစိမ့်ဝင်လာခဲ့ရတယ် အဲဒီရောဂါကတော့ “ နိုင်ငံခြားမှာ သွားအလုပ်
လုပ်ချင် တဲ့ရောဂါ ” တဲ့ ။
မိအေးစဉ်းစားရပြီ
။ သူ့မိသားစုအခြေအနေနဲ့ဆို မရှိရှိတာလေး စုတန်တာစု ရောင်းတန်တာရောင်းပြီး
သူ့ကို နိုင်ငံခြားပို့ပေးနိုင်မယ့်အခြေအနေရှိတယ် ။
သူလည်းစာရင်းကိုင်လေးကွန်ပြူတာလည်းအတော်အတင့် တတ် ကျွမ်းနေပြီဆိုတော့
သူဘယ်ကိုသွားရမလဲဆိုတာစဉ်းစားတယ် ။ သူ့စိတ်ထဲ မှာသွားချင်တဲ့နိုင် ငံတစ်ခု
ရှိတယ် ။ အဲဒါကတော့ ရေပတ်လည်ဝိုင်းနေတဲ့ စင်ကာပူဆိုတဲ့
ရေပေါ်မြို့တော်လေးတစ်ခုဆီကိုပေါ့ ။ အဲဒီမှာ မိအေးကြား ဖူးတာကတော့
အလုပ်အကိုင်တွေကောင်းတယ် ပညာရေးအခွင့်အလမ်းတွေများတယ် ပိုက် ဆံတွေအ
များကြီးရတယ် ဒါဆို သူတို့မိသားစုချမ်းသာပြီပေါ့ ။ မိအေးအိပ်မက်တွေဟာ
တကယ့်ကြယ်တွေ ထွန်းလင်းနေ တဲ့ကောင်းကင်ပြင်လိုပါပဲ ။ လင်းလိုက်နေလိုက်တာ ။
ဒီလိုနဲ့မိအေး
သူ့သူငယ်ချင်းတွေဖြစ်တဲ့ သူဇာ နဲ့ မူယာတို့ နှစ်ယောက်နဲ့ သေသေချာချာ
တိုင်ပင်ပါတော့တယ် ။ သူ့သူငယ်ချင်းနှစ်ယောက်ကလည်း စင်ကာပူ
ထွက်ဖို့သဘောတူကြသတဲ့ ။ ဒီတော့ သူတို့ ၃ ယောက် ပါ့စပို့ကိစ္စ ၊ visa
ကိစ္စတွေလုံးပန်းကြရတော့တာပေါ့ ။ သူတို့ရင်ထဲကအပျော်တွေကို
သူတို့သာအသိဆုံးဖြစ်ကြပါလိမ့်မယ် ။ သူဇာကလည်း သူ့မောင်လေးအတွက်
ဆေးကျောင်းစရိတ်ကာမိအောင် နိုင်ငံခြားထွက်အလုပ်လုပ်ဖို့ အရင်က
တည်းကကြံစည်နေတဲ့သူဆိုတော့အကိုက်ပဲပေါ့ ။ မူယာကလည်း
အောင်မြင်ချင်တယ်ကျော်ကြားချင်တယ် ဒီလို မြန်မာနိုင်ငံလို
အစုတ်ပလုတ်သေးသေးလေးထဲ နေရရင် သူ့ အရှိန်အ၀ါတောင် ညှိုးမှိန်သေးတယ် ထင်နေ
တဲ့သူဆိုတော့ အဲဒီမှာတင် သူတို့ ၃ ယောက်
စင်ကာပူဆိုတဲ့မြို့တော်ကြီးထွက်ခွာနိုင်ဖို့အရေး အပြင်းအထန်
ကြိုးစားကြပါတော့တယ် ။ ဒီလိုနဲ့ - - -ဒီလိုနဲ့ပဲ - - -။
(၆ လခန့်ကြာပြီးနောက် )
သူတို့
၃ ယောက်ရဲ့ သူငယ်ချင်းဖြစ်သူ ဖြူပြာဆိုတဲ့ ကောင်မလေးတစ်ယောက် စင်ကာပူမှာ
ရောက်နေတာ ၄ နှစ်လောက်ရှိပြီ မိအေးတို့ ၈ တန်းနှစ်လောက်ကတည်းကဆိုပါတော့
မိအေးထက်လည်း ၃ နှစ်လောက်ကြီးတယ် ။ အဲဒီဖြူပြာနဲ့ မိအေးတို့ ၃
ယောက်အဆက်အသွယ်ရသွားကြတယ် ။ သူတို့စိတ်ထဲ ၀မ်းသာနေ လိုက်ကြတာ
ကျွန်တော်စာတောင်မဖွဲ့ပြတတ်တော့ဘူး ။ ဖြူပြာ မူယာ သူဇာ ဆိုပြီး နာမည်လေးတွေ
ကလည်း ခပ်ဆင်ဆင် လူတွေကလည်းချောချောလေးတွေ ။ ဖြူပြာကပြောတယ် သူ့အိမ်မှာ
အရင် လာနေပေါ့ ပြီးမှ အိမ်ခန်းရှာအလုပ်ရှာ အစရှိသဖြင့်ပေါ့ ။ ဒီလိုနဲ့
သူတို့ ၃ ယောက် စင်ကာပူ ကျွန်းနိုင်ငံကြီးကို ထွက်ခွာဖို့က
အသင့်ဖြစ်နေခဲ့ပါပြီ သိပ်မကြာခင်ကာလအတွင်းမှာ သူတို့ စင်ကာပူသွား ဖို့ရက် က
ရောက်ရှိလာပါတော့တယ် ။
မင်္ဂလာဒုံလေဆိပ် - - -
အိမ်သားတွေတရုံးရုံးနဲ့ စင်ကာပူမြို့တော်ကြီးသွားမယ့် သူတို့ ၃ ယောက် ဟာ
ဆွေ မျိုးတွေ အလယ်မှာ တကယ့်ကို စစ်တိုက်ထွက်မယ့် သူရဲကောင်းတွေ လိုလိုပေါ့ ။
အားလုံးမျက်နှာမှာ လည်း အပျော်တွေ တ၀င်းဝင်း လေယဉ်ပေါ်တက်ခါနီးတော့ မိဘတွေက
မျက်ရည်လေးစမ်းစမ်း စမ်းစမ်းနဲ့နှုတ် ဆက်ရှာ တယ် ။ တခါမှ မစီးဖူးတဲ့
လေယဉ်ကြီးစီးပြီး သူတို့အိပ်မက်ထဲက ကျွန်းနိုင်ငံကြီးခမ်းနားတဲ့ မြို့ကြီး
ဆီသွား ရတော့မှာဆိုတော့ရင်ထဲမှာ လှိုက်ကနဲ လှိုက်ကနဲ ဖြစ်ပြီးခြေဖျား
လက်ဖျားတွေတောင်အေး စက်နေ ရှာတယ် ။ ဒီလိုနဲ့ မိဘတွေကို နှုတ်ဆက်လို့ သူတို့
၃ ယောက် လေယဉ်ပေါ်တက်ခဲ့ကြတယ် ဆိုပါတော့ - - ။
(စင်ကာပူနိုင်ငံ )
အိုး
- - ခမ်းနားလိုက်တာ လေဆိပ်ကြီးက တကယ့်ကို ရုပ်ရှင်တွေထဲကအတိုင်း
သန့်ရှင်းသပ်ရပ်လို့ ။ မူယာ့စိတ်ထဲတော့ ဒီလို မြို့မျိုးမှ ငါနဲ့တန်တာ လို့
တွေးမိလိုက်တယ် ။ သူတို့ ၃ ယောက် လေယဉ်ပေါ်ကနေဆင်း ပစ္စည်းတွေရွေးနဲ့
ယောင်ချာချာဖြစ်နေတုန်း သူတို့သူငယ်ချင်း ဖြူပြာက လာပြီး ကြိုတဲ့အတွက်
သူတို့ အတော်လေး အဆင်ပြေသွားကြတယ် ။ ဖြူပြာဘေးမှာ အသားဖြူဖြူ
အရပ်မြင့်မြင့် နဲ့ နိုင်ငံခြားသား တရုတ်လိုလို ခပ်ဆင်ဆင်
တစ်ယောက်ပါလာတာတွေ့ရတော့ သူတို့စိတ်ထဲ ဒါဖြူပြာနဲ့ပတ်သတ်နေ သူဖြစ်ရမယ်လို
့တွေးမိ လိုက်ကြသေးတယ် ။ ဒီလိုနဲ့ကားပေါ်မှာ
ရှေးဟောင်းနှောင်းဖြစ်တွေပြောရင်း ရယ်မောပျော်ရွှင်လာခဲ့ကြတယ် ။ ဖြူပြာက
မိတ်ဆက်ပေးတယ် ။ “ ဒါငါ့ အမျိုးသား Mr.Lee တဲ့ မိအေးရဲ့ မှတ်ထားကြနော် သူက
ဒီက စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦးပေါ့ ” အသိအမှတ်ပြု
ခေါင်းတွေပြန်ညိတ်ပြကြပြီး ဖြူပြာ့ အိမ်ကို ဒီလိုနဲ့ရောက်သွားကြပါတော့တယ် ။
အိမ်လည်းရောက်ရော Mr.Lee နဲ့ဖြူပြာတို့ တိုးတိုးတိုးတိုးပြောပြီး Mr.lee က
ကားနဲ့ အိမ်ကနေပြန်ထွက်သွားခဲ့တယ် ။ သူဇာကမေးလိုက်တယ် ။ “ ဟဲ့ ဖြူပြာ
နင့်အမျိုးသားက အလုပ်ရှိ လို့လား အပြင်ပြန်ထွက်သွားတာ
ငါတို့လာတာရောအဆင်ပြေရဲ့လား ဟာ ” “ အာပြေပါတယ် သူဇာရယ် ငါရှင်းပြပါ့မယ်
နင်တို့နားလိုက်ပါဦးလာ ငါအခန်းလိုက်ပြမယ် ” “ ဟင် အိမ်ကလည်း နင်တို့
စုံတွဲပဲနေတာလား ဘယ်သူမှမရှိကြဘူးလား ဟ ” သူဇာ အဲဒီလိုမေးလိုက်တော့ ဖြူပြာ
မျက်နှာတစ်ချက်ပျက်သွားတယ် ။ ချက်ချင်းပြန်ပြင် လိုက်ပြီး “ အခုတော့
ငါတစ်ယောက်တည်း ဒီတိုက်ခန်းမှာ နေတာဟ နင်တို့လာတော့ အဖော်ရ တာပေါ့
ငါ့အမျိုးသားက တစ်ပတ် တစ်ရက် နှစ်ရက်လောက်ပဲ လာအိပ်တာ ” “ဟင် နင့်ဟာက လည်း
ဘယ်လိုကြီးတုန်း ” “ နင်တို့သိရမှာဟာ ကဲ နားလိုက်ကြပါဦး
ငါအပြင်ခဏသွားဦးမယ် ပြန်လာခဲ့မယ်နော် ”
မိအေး သူဇာ မူယာ တို့
ဖြူပြာမှာ တစ်ခုခုတော့လျှို့ဝှက်ထားတာရှိရမယ်လို့တွေးမိလိုက်ကြတယ် ။
ဒီလိုနဲ့သူတို့လည်း ရေမိုးချိုးပြီး သူတို့ ၃
ယောက်အတွက်ပေးထားတဲ့အခန်းလေးထဲမှာ အနားယူနေလိုက်ကြတယ် ။ ခဏကြာတော့
ဖြူပြာတစ်ယောက်ပြန်ရောက်လာပါတော့တယ် ။ “ ကဲဘယ် လိုလဲ နေလို့ကောင်း
ရဲ့လားစင် ကာပူက ” “ ကောင်းတာပေါ့ဟ ငါတော့အိပ်မက်ထဲရောက်နေရသလိုပါပဲ ငါတို့
အိမ်ခန်းလည်း ရှာရမယ် ပြီးရင် အလုပ်လည်းရှာရမယ်နော် ” “ စိတ်မပူပါနဲ့ဟာ
ငါတစ်ယောက်လုံးရှိနေတာပဲ ” “ ကဲပါနေပါဦး ခုနက နင်ပြော တယ်လေ မစ်စတာလီက
တစ်ပတ်၂ ရက်လောက်ပဲ ပြန်အိပ်တယ်ဆိုတာ ဘယ်လိုကြီးတုန်းဟ” မိအေးက
မေးလိုက်တော့ သူဇာ မျက်နှာလည်း ညိုးသွားတယ် မျက်နှာလည်း
သိသိသာသာပျက်သွားရှာတယ် ။ “ တကယ်- -တကယ်တော့ မစ်စတာလီမှာ မိန်းမရှိတယ် ဟ ” “
ဟင် ” အာမေဋိတ်သံတွေ တပြိုင်တည်းလိုလို ထွက်ပေါ်လာ တယ် ။ “ ဟုတ်တယ် မိအေး
ငါ စင်ကာပူရောက်တာ ကြာလှပြီဆိုတာ နင်တို့သိမှာပါ ငါ မြန်မာနိုင်ငံ
မပြန်ချင်တော့ဘူးဟာ ငါ စင်ကာပူနိုင်ငံသားဖြစ်ချင်တယ် မီးမလာရေမလာ နဲ့
စုတ်ပြတ်နေ တဲ့နိုင်ငံမှာ ငါလူဖြစ်ရတာ
ကိုယ့်ကိုယ်ကိုယ်အတော်လေးအောက်ကျနောက်ကျနိုင်တယ်လို့ ငါထင်တယ် ငါ
စင်ကာပူနိုင်ငံသားဖြစ်ဖို့ အတွက်အကောင်းဆုံးနည်းက Singaporean တစ်ယောက်ကို
လက်ထပ်လိုက် ဖို့ပဲမဟုတ်လား မစ်စတာလီမှာ မိန်းမရှိတာငါသိပါတယ် သူက
ငါနဲ့အလုပ်အတူတူပဲလေ ရာထူးအကြီးပိုင်း ထဲကပေါ့ ငါတို့ နှစ်ယောက်
အလုပ်အတူတူလုပ်ရင်းငြိသွားကြတယ်ဆိုပါတော့ဟာ မစ်စတာ လီက ကလေး ၃ ယောက်ရှိတယ်ဟ
သူ့မိန်းမကလည်း စင်ကာပူသူပါပဲ ငါအခု PR (Permanent Resident -
တရားဝင်နိုင်ငံသားအဖြစ်နေထိုင်ခွင့် ) ရပြီလေ ဒါငါ့အိပ်မက်ပဲ ငါ
မြန်မာမဟုတ်တော့ဘူး စင်ကာပူ သူကြီးဖြစ်နေပြီ ဟင်းဟင်း
ဘယ်လောက်ဂုဏ်ယူစရာကောင်းသလဲ မစ်စတာလီကလည်းငါ့ကို အခုတိုက် ခန်းဝယ်ပေး
ထားတယ်လေ လစဉ်သုံးဖို့လည်းပိုက်ဆံထောက်ပံ့တယ် ကဲ ဘယ်လောက်ကောင်းလဲ ” “ ဟင်
သူ့မိန်းမ က မသိဘူးလား ” “ မသိအောင်နေတာပေါ့ဟ ” မိအေး က မသက်မသာ
သက်ပြင်းချလိုက်ပေမယ့် မူယာနဲ့ သူဇာကတော့ သာမာန်ရိုးရိုးပုံပြင် တစ်ပုဒ်ကို
နားထောင်နေရတဲ့အတိုင်း ဘာမှထူးခြားမှုမရှိသလိုပါပဲ ။ အဲဒီလိုနဲ့ - - - ။
သူတို့
၃ ယောက်စလုံး ဖြူပြာရဲ့အကူအညီနဲ့ အိမ်ခန်းလေးတစ်ခု ကို
စပ်တူငှားနေခွင့်ရသွားသလို အလုပ်လည်း အသီးသီးရသွားခဲ့ကြတယ် ။ မြန်မာပြည်မှာ
မနက်မိုးလင်းထချင်တဲ့အချိန်ထလို့ရပေမယ့် စင်ကာ ပူမှာတော့ နှိုးစက် အ
လန်းမြည်တာနဲ့ MRT ကို သုတ်ခြေတင်ဖို့အရေး ပြင်ဆင်ကြရပါတော့တယ် ။
မိုးလင်းမိုး ချုပ် သူတို့ မက်မောတဲ့မြို့ကြီးထဲ စက်ရုပ်တွေလို
သူတို့အလုပ်ကြရတယ် ။ အချိန်အတော်လေးကြာလာတော့ အိမ်ကိုလည်း
ငွေစနည်းနည်းပါးပါးပြန်ပို့နိုင်ပြီပေါ့ ။ စားသောက်စရိတ်နဲ့ အိမ်နေစရိတ်နဲ့
တကယ် တမ်းတော့လည်း သူတို့ထင်ထားသလောက်တွေးထားသလောက် ဘ၀တွေက
တယ်ပြီးမခမ်းနားလှပါဘူး ။ တစ်ရက်တော့ မိအေးတစ်ယောက်
အလုပ်ဆင်းပြီးပြန်လာတော့ ဖြူပြာ့အမျိုးသား မစ်စတာလီရယ်
သူ့သူငယ်ချင်းယောင်္ကျားလေး တစ်ယောက်ရယ် မူယာရယ် ပျော်ရွင်
စွာနဲ့လမ်းလျှောက်ပြန် လာကြတာတွေ့ လိုက်ရတယ် ။ မိအေးလည်းဝမ်းသာ
အားရနဲ့သွားနှုတ်ဆက် တာပေါ့ ။ ဒါပေမယ့် မူယာက မိအေးကို
သာမန်ကာလျှံကာလောက်ပဲ နှုတ်ဆက်ပြီးထွက်ခွာသွားတော့တယ် ။ မိအေးစိတ်ထဲ
ဟာတာတာကြီးကျန်ခဲ့တယ် ။ ဘာကြောင့် မူယာ က စိမ်းသွားရတယ်ဆိုတာလည်း
သူ့အနေနဲ့မစဉ်းစားတတ်အောင်ပါပဲ ။ ဒီလိုနဲ့ အလုပ်ပိတ်ရက်မှာ သူငယ်ချင်း ၃
ယောက်ဆုံဖို့ ချိန်းလိုက်ကြတယ် ။
“ မူယာ နင်ငါ့ကို
ဘာလို့စိမ်းသွားတာလဲ ” “ မစိမ်းပါဘူး မိအေးရယ် ဒါက စင်ကာပူလေဟာ ငါတို့
စင်ကာပူ လိုတော့ကျငု့်ရမှာပေါ့ဟုတ်ဘူးလား ငါမစ်စတာလီသူငယ်ချင်းကို
ကြွေနေပြီဟာ ဒါပေမယ့် သူ့မှာလည်း မစ်စတာလီလိုပဲ မိန်းမနဲ့ကလေး ၂
ယောက်ရှိတယ်ဟာ မတတ်နိုင်ဘူးဟာ ငါလည်း Singaporean ဖြစ်ချင်တယ် ” “ ဟင်
နင်အဲဒီလို မလုပ်ရဘူးလေ မူယာ ငါတို့က မြန်မာတွေလေဟာ တစ်လင်တစ်မယားစနစ်ကို
ကျင့်သုံးရ မယ်လေ နင် သူ့မိန်းမကို ကိုယ်ချင်းမစာဘူးလား ” “ တော်စမ်းပါ
မိအေးရယ် နင်ဆရာမကြီးမလုပ်စမ်းပါနဲ့ လူဆိုတာကိုယ့်ဘ၀ကိုယ်
အကောင်းဆုံးတည်ဆောက်ကြတာချည်းပဲလေ ငါလည်းငါ့ဘ၀ ငါ ရွေးချယ်ခဲ့ တာပဲ
အော်ပြောရဦးမယ်နော် ငါနဲ့နောက်တစ်ခါလမ်းမှာတွေ့ရင်မြန်မာလိုမပြောပါနဲ့
ငါရှက်လို့ ” မူယာ ကပြောပြော ဆိုဆို
စင်ကာပူသူတစ်ယောက်ပုံစံအပြည့်နဲ့ထထွက်သွားပါတော့တယ် ။ မိအေးနဲ့ သူဇာ
နှစ်ယောက် ကတော့ တစ်စုံတစ်ခု ပျောက်ရှသွားသလို ရင်ထဲကျန်နေခဲ့တော့တယ် ။
အဲဒီလိုနဲ့ သူတို့ အထင်ကြီး သူ တို့ မက်မောခဲ့တဲ့ ကျွန်းမြို့တော်ကြီးဆီမှာ
သူတို့ မနက်မိုးလင်းအလုပ်သွား ညနေအလုပ်ပြန် ညအိပ်
စက်ရုပ်တွေတပိုင်းဖြစ်နေခဲ့ကြတယ် ။ တခါတခါတော့ စိတ်ထဲပျော်သလိုလို
တခါတခါတော့လည်း ဘာမှန်းမ သိပဲ အမေ့ရဲ့ ငါးပိရေလေးနဲ့တို့စရာလေး
ပဲပြုတ်ဆီဆမ်း မန်ကျည်းရွက်သုပ်လေးကိုလွမ်းသလိုလို မိအေးရင်ထဲ
တမျိုးကြီးပါပဲလေ ။
အချိန်တွေကြာလာတာနဲ့အမျှ
နှစ်လရာသီအလီလီပြောင်းလာခဲ့ပါပြီ။ စက်ရုပ်တပိုင်းဖြစ်နေတဲ့ သူတို့ တွေဘဝ
ကတော့မပြောင်းသေးပါဘူး ။ အခက်အခဲမျိုးစုံနဲ့ ဒါ
နိုင်ငံခြားထွက်လုပ်ချင်တဲ့ရောဂါပါလားလို့ မိအေးကိုယ့်ကိုယ်
ကိုတွေးမိလိုက်တယ် ။ ဒီနှစ်တွေကြားမှာ သူဇာလည်း လက်ထပ်လိုက်တယ် ။
အိမ်ကိုတောင် အင်တာနက်ကနေ ပဲ ဖုန်းပြောပြီးအကြောင်းကြားလိုက်ရတယ် ။
အကြောင်းပြချက်ကတော့ သူလည်း PR ရချင်လို့ပါတဲ့ ။ မိအေးစိတ်ထဲ
သူ့သူငယ်ချင်းတွေကို အတော်ချဉ်နေပါပြီ ။ ဘယ့်နှယ့် တရားဝင် ရာသက်ပန်နေ
ထိုင်ခွင့်ရချင်တာ နဲ့ပဲ စင်ကာပူအမျိုါ်သားတစ်ယောက်
(မိန်းမရှိရက်ကြီးနဲ့တောင် ) ယူကြသတဲ့ အံ့ရောအံ့ရော ။ သူတို့မွေးလာမယ့်သား
သမီးတွေကလည်းဘယ်တော့မှ မြန်မာပြန်မဖြစ်တော့ဘူး စင်ကာပူသားလေးတွေ စင်ကာပူ
သမီးလေးတွေ ဖြစ်ကုန်ကြတော့မှာ ။ မိအေး မပျော်တော့ဘူးလို့ ကိုယ့်ကိုယ်ကို
သတိထားမိလိုက်တယ် ။ အဲဒီအချိန်မှာပဲ မိအေးဘ၀ကို
အပြောင်းလဲနဲ့စတင်ကြုံလိုက်၇ပါတောတ့ယ် ။
မစ်စတာ ဟောင် တဲ့
အရပ်မြင့်မြင့် အသားဖြူဖြူ သဘောကောင်းမဲ့ရုပ်နဲ့ သူ ကို မစ်စတာဟောင်က
အရမ်းဂရု စိုက်တယ်လေ ။ အိုးချင်းထားအိုးချင်းညိဆိုသလို အနေနီးတော့လည်း
မိအေးတစ်ယောက် တစ်ခါမှ မခုန်ဖူးတဲ့ရင်တွေ မီးရထားကြီးခုတ်မောင်းသလို
တုန်ခါနေရပြီပေါ့ ။ မိအေးစဉ်းစားထားတာရှိတယ် ။ သူ့သူငယ် ချင်း
တွေလိုတော့မိန်းမရှိတဲ့သူကို ယူတဲ့သူမဖြစ်စေရဘူးပေါ့လေ မစ်စတာဟောင်ကို
သူစုံစမ်းရမယ် ။ သူ့ဘ၀မှာ သူငယ်ချင်းတွေကြောင့်တစ်ခါနာပြီြး့ပီမဟုတ်ပါလား ။
ဒီလိုနဲ့ မစ်စတာဟောင်က မိအေးကို ချစ်ရေးဆိုလိုက်ပါပြီ ။ ကဲ မိအေး ညည်း
ဘာဆက်လုပ်မလဲ စဉ်းစား- - စဉ်းစား ။ မိအေး တစ်ယောက် အသည်းအ
သန်စဉ်းစားနေရပါတော့တယ် ။
မစ်စတာဟောင်ရဲ့အိမ်ကို သွားပြီး
စုံစမ်းဖို့ မိအေးဆုံးဖြတ်လိုက်တယ် ။ ဟုတ်တယ် သူ့ဘ၀မှာ နှစ် ခါအနာမ
ခံနိုင်ဘူးလေ ။ အကယ်၍ မစ်စတာဟောင်က လူပျိုလူလွတ် ဆိုရင်တောင်
သူတို့ညားကြပြီး သားသမီးမွေးရင် မြန်မာပဲဖြစ်ရမယ်
မြန်မာပြည်မှာပဲနေရမယ်လို့ သူ စဉ်းစားထားပြီးသား ။ ဒါတောင် Singaporean
တစ်ယောက်ကို ယူမိလို့ သူ့ဘ၀မှာ ဘယ်လောက်အထိ ဘယ်အချိန်ထိ လိပ်ပြာမသန့်
ပဲနေရမလဲမသိ အို- - ဒါတွေထားပါလေ အချစ်က အဓိကပဲမဟုတ်လား လူမျိုးမတူတာနဲ့ပဲ
မယူရတော့ဘူး လား မိအေးလည်းဒီလောက်တော့ခေတ်မှီပါတယ် ။ ဒီလိုနဲ့ မိအေး
မစ်စတာဟောင် အိမ်ကိုရောက်သွားခဲ့ပါပြီ ။ အိမ်ခြံဝမှာ အသားဖြူဖြူ ခပ်၀၀
အမျိုးသမီးတစ်ဦးက ဆင်းလာပြီးကြိုတယ် ။ “ မစ်စတာဟောင်အလုပ်သွားပါတယ်ရှင်
ဘာပြောပေးရမလဲ အိမ်ထဲဝင်ထိုင်ပါဦးရှင်ကျွန်မသူ့အမျိုးသမီးပါ သမီးရေ
ဧည့်သည့်အ တွက်နေရာပေးပါဦး ” “ ဟိုဟို မထိုင်တော့ပါဘူးရှင် အလုပ်ကိစ္စလေး
လာမေးတာ ပါ ပြန်လိုက်ပါဦးမယ် ကျေးဇူးပါရှင့် ” မိအေး
ယဉ်ယဉ်ကျေးကျေးပြောပြီး ပြန်လှည့်ထွက်လာခဲ့တယ် ။
#########################
အပြန်လမ်းမှာ
မိအေး Genenration ဆိုတဲ့ဝေါဟာရကို စဉ်းစားလာမိတယ် ။ Generation ဆိုတာဘာလဲ
မျိုးဆက် ပေါ့ မျိုးရိုးကို စောင့်ထိမ်းတဲ့မျိုးဆက် ။ မိအေးဆိုတဲ့သူမက
မြန်မာလေ မြန်မာမျိုးဆက်ကို မပျောက်ရအောင် ထိမ်းသိမ်းရမှာ မိအေးတာဝန်
မိအေးတို့လို အမျိုးသမီးတွေတာဝန်ပဲမဟုတ်လား ။ မစ်စတာဟောင်ကို သူ
စိတ်လှုပ်ရှားမိတယ် ရင်ခုန်မိတယ်ဆိုတာ မိအေးဝန်ခံပါတယ် ။ ဒါပေမယ့်
မိန်းမရှိပြီးသား Singaporean တစ်ယောက်ကို ယူမှ PR ရမယ့် အဖြစ်ကြီးလား
ဟင့်အင်း အကယ်၍ သူချစ်စိတ်နဲ့ ဇွတ်လက်ခံလိုက်ရင် သူ့သားသမီးလေးတွေ က
မြန်မာမဟုတ်တော့ဘူး စင်ကာပူကလေးတွေဖြစ်ကုန်မှာပေါ့ မိအေးရင်ထဲ ကျဉ်ကနဲ
ဆက်ကနဲ နာနေတယ် ။ မိအေး မငိုပါဘူး မျက်ရည်လည်းမကျတော့ဘူး ။ ဒီလောက်တော့
စိတ်ဓါတ်က မာတယ်လေ သူ့ကိုယ်သူလည်း ပထမဆုံးအကြိမ်အဖြစ် မုန်းတီးမိသွားတယ် ။
မစ်စတာဟောင်ကို ရုတ်တရက် လမ်းမှာ မိအေးဆုံလိုက်ရတယ် ။ မစ်စတာဟောင်ကလည်း
အံ့သြနေတဲ့ပုံပါပဲ ။ သူ့ကိုတွေ့တော့ ၀မ်းသာအားရပြေးလာတယ် ။
အနားရောက်တော့မိအေး လက်တစ်ဖက်မြောက်တက်သွားတယ် ။ မစ်စတာဟောင် ရဲ့ပါးကို
မိမိရရ ရိုက်ချလိုက်တာပါပဲ “ ဟင် မင်းမင်း ဒါဘာလုပ်တာလဲ ” “ အဟက်
ဘာလုပ်တာလဲ ဟုတ်လား ရှင်ကျွန်မကို လိမ်တဲ့အတွက် ပေါ့
ရှင့်မှာမိန်းမရှိရဲ့သားနဲ့ များကျွန်မကို ချစ်ရေးဆိုတဲ့အ တွက်ပေါ့ ” “
ဟဟဟဟ ဘာများလဲလို့ကွာ မိန်းမရှိတာဘာဖြစ်တုန်းကွ မင်းတို့မြန်မာ
အမျိုးသမီးတွေ ဒီမှာ ရာသက်ပန်နေချင်ရင်ငါတို့စင်ကာပူသားတွေကို လက်ထပ်ယူ
ငါတို့က မင်းတို့နေဖို့စား ဖို့ပေးမယ် ဒါဆန်းသလားကွာ မင်းသူငယ်ချင်းတွေလည်း
ဒီလိုချည်းပဲဟာကို သိပ်မတွေးစမ်းပါနဲ့ မင်းလည်း ဒီပုတ်ထဲက ဒီပဲပါပဲ ”
စကားမဆုံးခင် မိအေးမျက်လုံးထဲ ပြာထွက်သွားတယ် ပြီးတော့ မိအေး ဘာလုပ်လိုက်မိ
တယ် မသိတော့ဘူး သူသတိပြန်ရလာတဲ့အချိန် မစ်စတာဟောင်တစ်ယောက်ခွေခွေကလေး
လဲကျနေပါပြီ ။ “ အဲဒါမှတ်ထား မြန်မာအမျိုးသမီးတစ်ယောက်ကို ရှင်တို့
ဘယ်တော့မှ စော်ကားလို့မရဘူးဆိုတာ သက်သေပြလိုက်တာပဲ နောက်တစ်ခါဆို ရှင့်ကို
အသေသတ်မယ် ” ပြောပြီး မိအေး လှည့်ထွက်လာတယ် ။ သူ ဒူးခေါင်းနဲ့မစ်စတာဟောင်
ရဲ့ ချက်အောက်ပိုင်းကို ၀င်တိုက်ပစ်လိုက်တယ် ဘာဖြစ်သွားသ လဲတော့မ သိတော့ဘူး
တော်တော်ပြင်းတယ်လို့တော့ မှတ်မိလိုက်တယ် ။ ခံပလေ့စေ ဒါမှ ဒင်းတို့မှတ်
မှာမဟုတ်လား ။
အိမ်ပြန်ရောက်တော့ မိအေး အားလုံးကို
ရှင်းရှင်းလင်းလင်းသိလိုက်ပါပြီ သူဘာလုပ်ရမလဲဆိုတာကိုပေါ့ သူ့အိမ်မက်
ထဲမှာလည်း “ Generation အပျောက်ခံတော့မှာလား မိအေးရယ် ” လို့ လူတစ်ယောက်က
လာလာမေးနေသလိုပါပဲ ။ သူ ခေါင်းအတင်းခါတယ် ဒါပေမယ့်ချွေးစေးတွေနဲ့ သူ
လှုပ်မရဘူး ။ အိပ်မက်က လန့်နိုးလာတဲ့အခါမိအေး စာတစ်စောင်
ထိုင်ရိုက်နေခဲ့ပါတယ် ။
“ အလုပ်ထွက်စာ ” တဲ့ ။
အိမ်ပြန်ရောက်လျှင် generation အကြောင်း ပြောရမည်
သူ့သူငယ်ချင်းတွေကို စင်ကာပူအကြောင်းပြောရမည်
PR ရချင်၍ အိမ်ထောင်ရှိယောင်္ကျားတွေကို လက်ထပ်ယူသော မျိုးမစစ်တွေအကြောင်းပြောရမည်
လမ်းမှာတွေ့လျှင် မြန်မာလို့အထင်ခံရမှာစိုးလို့ မြန်မာစကားမပြောသော မျိုးမစစ်တွေအကြောင်း ပြောရမည်
မစ်စတာဟောင်လို ကာမမုဆိုးတွေအကြောင်းလူတွေသိအောင်ပြောရမည်
မိအေး
ပြောစရာတွေအများကြီးပါပဲ ။ မိအေး ရင်ထဲ ဖြူဝင်းပြာသန့်လို့နေတယ်
ကြည်နူးနေတယ် သူချစ် တဲ့ မြန်မာပြည် အမေ့ကိုပြန်တွေ့ရတော့မည် ။ သူ့
generation လေးတွေ မြန်မာစစ်စစ်ပဲဖြစ်ရမည် ။ မိအေးသည် မြန်မာ
အမျိုးသမီးလေးတစ်ယောက်ပဲဖြစ်ရလိမ့်မည် ။
(အခုရေးတဲ့ဆောင်းပါးလေးထဲက
မိအေး ၊ သူဇာ ၊ မူယာ ၊ ဖြူပြာ ဆိုတာ နာမ်စားတွေဖြစ်ပါတယ် ။ အမည်နာ
မည်သက်သက် ဖြစ်တာကြောင့် ဘယ်သူဘယ်ဝါဆိုတာ မရှိပါဘူး တိုက်ဆိုင်ကြသူတိုင်း
နာတတ်ဖို့ ရည်ရွယ်ပါတယ် ။ )
သက်တန့်ချို
April 24-2012
12;25 Noon
သိပ်ကောင်းတယ်ဗျို့.........
ReplyDeleteညီညီဇော်