Monday, August 13, 2012

နာဇီခေါင်းဆောင် ဟစ်တလာ သတ်သေသွားခဲ့ခြင်းမဟုတ်ဟုဆို

နာဇီခေါင်းဆောင် ဟစ်တလာ သတ်သေသွားခဲ့ခြင်းမဟုတ်ဟုဆို


 
စာရေးဆရာ နှစ်ဦး ပူးတွဲရေးသားသည့် စာအုပ်တစ်အုပ်က ဂျူးလူမျိုး (၆)သန်းကျော်ကို သတ်ပစ်ခဲ့သည့် ဒုတိယ ကမ္ဘာစစ်ကာလ နာဇီ စစ်ဘီလူးကြီး အဒေါ့ဖ်ဟစ်တလာသည် သမိုင်းမှတ်တမ်းများအတိုင်း အမှန်တကယ် မိမိကိုယ်ကိုယ် သတ်သေသွားခဲ့ခြင်း မရှိဟု ဖော်ပြထားသည်။

 
နာဇီခေါင်းဆောင် ဟစ်တလာ သတ်သေသွားခဲ့ခြင်းမဟုတ်ဟုဆို
မကြာသေးမီက ထုတ်ဝေလိုက်သော စာအုပ်တစ်အုပ်အရ သမိုင်းမှတ်တမ်းများကို ပြောင်းလဲရမလို ဖြစ်လာခဲ့သည်။ စာရေးဆရာ နှစ်ဦး ပူးတွဲရေးသားသည့် စာအုပ်တစ်အုပ်က ဂျူးလူမျိုး (၆)သန်းကျော်ကို သတ်ပစ်ခဲ့သည့် ဒုတိယ ကမ္ဘာစစ်ကာလ နာဇီ စစ်ဘီလူးကြီး အဒေါ့ဖ်ဟစ်တလာသည် သမိုင်းမှတ်တမ်းများအတိုင်း အမှန်တကယ် မိမိကိုယ်ကိုယ် သတ်သေသွားခဲ့ခြင်း မရှိဟု ဖော်ပြထားသည်။

ထို့အပြင် ဟစ်တလာနှင့် ဇနီးဖြစ်သူ အီဗာ ဘရောင်းတို့သည် ဂျာမနီမှတဆင့် အာဂျင်တီးနားနိုင်ငံသို့ ထွက်ပြေးသွားနိုင်ခဲ့ပြီး (၁၉၆၂)ခုနှစ်တွင်မှ ဟစ်တလာ ကွယ်လွန်သွားကြောင်း စာအုပ်အတွင်း အခိုင်အမာ ရေးသားထားသည်။ စာအုပ်ကို တာဝန်ယူ ရေးသားသူ တစ်ဦးဖြစ်သည့် ဂျာရတ် ၀ီလျံက “ဟစ်တလာနဲ့ အီဗာနဲ့ သေတယ်ဆိုတဲ့အကြောင်း ဘာမှုခင်းမှတ်တမ်းမှ မရှိပါဘူး။ မျက်မြင်သက်သေတွေရဲ့ ထွက်ဆိုချက်အရ သူတို့ဟာ အာဂျင်တီးနားကို အသက်ရှင်လျက် ထွက်ပြေးသွားနိုင်တယ်လို့ ယုံကြည်ရပါတယ်”ဟု ပြောကြားခဲ့သည်။

၎င်းက အမေရိကန်တို့သည် နာဇီတို့၏ စစ်ဘက်ဆိုင်ရာ နည်းပညာများကို ရယူပြီးနောက် ဟစ်တလာ တောင်အမေရိကသို့ ထွက်ပြေးရန် လျှို့ဝှက် အကူအညီပေးခဲ့ကြောင်း စွပ်စွဲခဲ့သည်။ ၀ီလျံနှင့် ဆိုင်မွန် ဒန်စတန်တို့ ပူးတွဲရေးသားသည့် အဆိုပါ စာအုပ်အတွင်းတွင် ရုရှားတို့ သိမ်းဆည်းထားသည်ဆိုသော ဟစ်တလာ ဦးခေါင်းခွံသည် အမျိုးသမီး တစ်ဦးထံမှသာ ဖြစ်ကြောင်းလည်း ရေးသားထားသည်။ ၎င်းတို့သည် အဆိုပါ စာအုပ်ကို မှုခင်းဆေးပညာ ရှုထောင့်ဖြင့် သုံးသပ်ကာ အချက်အလက် များစွာကို အခြေခံပြီး မှတ်တမ်းပြုစု ရေးသားခဲ့ခြင်းဖြစ်သည်။

No comments:

Post a Comment