Monday, August 6, 2012

ယုန်နဲ့လိပ်အကြောင်း ...

ယုန်နဲ့လိပ်အပြေးပြိုင်တယ် ... ယုန်က သူတပါးကို လျှော့တွက်ပြီး အပင်အောက်မှာ အိပ်ပျော်သွားလို့ လိပ်က နိုင်သွားတယ်။
ယုန်နဲ့လိပ်ထပ်ပြိုင်တယ် ... ဒီတစ်ခါ ယုန်က အစကနေအဆုံး မနားတမ်းပြေးတဲ့အတွက် ယုန်နိုင်သွားတယ်။
ယုန်နဲ့လိပ် ထပ်ပြိုင်တယ် ... ဒီပြိုင်ပွဲမှာ လိပ်တွေက လိပ်လည်ကျပြီး ... လိပ်တွေအများကြီးက လမ်းမှာ ကြိုကြိုစောင့်နေပြီးပြိုင်တော့ ... ယုန်ရှုံးသွားတယ် ...။
နောက်ထပ်ပြိုင်တော့ ... ယုန်ကလမ်းရွေးတယ် ... လမ်းခရီးမှာ တောင်ကုန်းကြီးရှိတယ် ... အဲဒီ့တော့ လိပ်က မတက်နိုင်ပဲ ... ပြန်ပြန်ပြုတ်ကျနေတယ်။ ယုန်က အေးအေးဆေးဆေးတရေးအိပ်ပြီးမှ ထပြေးပေမယ့်လည်း ... လိပ်ကို နိုင်သွားတယ် ...။
နောက်ထပ် ထပ်ပြိုင်တဲ့အခါကျတော့ ... လိပ်က လမ်းကြောင်းကိုရွေးတယ် ... လမ်းမှာ မြစ်ခံနေတယ် ယုန်ကရေမကူးတတ်တော့ လိပ်ပဲထပ်နိုင်သွားတယ်။
ဒီ ယုန်နဲ့လိပ် ပုံပြင် မူကွဲလေးတွေများစွာကို ဖတ်ပြီးတော့ သူငယ်ချင်းတို့ ဘာတွေတွေးမိသလဲ ...

No comments:

Post a Comment