Tuesday, March 26, 2013

Junction Hotel

နေပြည်မှာ ကျတော် အခု ဟိုတယ်သင်တန်း တက်နေပါတယ်။ ကျတော် ဟိုတယ် ရဲ.အမည်ကတော. Junction hotel (nay pyi taw) ဘဲဖြစ်ပါတယ်။ ကျယ်ဝန်းသော အခန်း၊သန်.ရှင်းသောနေရာထိုင်ခင်း၊ ဧည့်ဝတ်ကျေပွန်သော ဟိုတယ်ဝန်ထမ်းများကြောင့် တည်းခိုသူ မိဘ ပြည်သူများကိုစတ်ချမ်းသာစေမှာ အမှန်ပါဘဲခင်ဗျာ။ ဒါကြောင်.နေပြည်တော်ကိုရောက်ရင် junction hotel ကို လာလည်ဖို.ဖိတ်ခေါ်အပ်ပါသည်။



Tuesday, October 9, 2012

ဘယ်လ်ဂျီယံတက္ကသိုလ်တစ်ခုက သမ္မတဦးသိန်းစိန်ကို ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ ပေးအပ်ရန်ပြင်

ဘယ်လ်ဂျီယံနိုင်ငံ၏ နံပါတ် ၃ အဆင့်ရှိ တက္ကသိုလ်တစ်ခုဖြစ်သည့် Universite de Liege က ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများအား တစ်စိုက်မတ်မတ် ဆောင်ရွက်နေသည့် သမ္မတဦးသိန်းစိန်အား ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ အပ်နှင်းချီးမြှင့်မည့်အကြောင်း သမ္မတထံသို့ တင်ပြမည်ဖြစ်ကြောင်း သတင်းရရှိသည်။ သမ္မတအနေဖြင့် လက်ခံမည့်အစီအစဉ် ရှိ၊ မရှိကို တက္ကသိုလ်ပါမောက္ခနှစ်ဦးက တွေ့ဆုံမေးမြန်းရန် ရောက်ရှိနေကြောင်း မင်္ဂလာမြန်မာမှ ဒါရိုက်တာဒေါက်တာဖုန်းဝင်းက ပြောသည်။ “လက်ခံတယ်ဆိုရင် အဲဒီအဖြေကို ယူသွားမယ်။ ပြီးရင် တရားဝင် ကြေညာလိုက်မယ်။ သူတို့ကတော့ တစ်ချိန်ချိန်မှာလာယူဖို့ မျှော်လင့်တယ်။ အသေးစိတ်တွေကိုတော့ သမ္မတနဲ့တွေ့ရင် သူတို့(ပါမောက္ခတွေ)အနေနဲ့ မေးမြန်းဖို့ရှိတယ်”ဟု ဒေါက်တာဖုန်းဝင်းက ပြောသည်။ ယင်းတက္ကသိုလ်သည် ဥရောပတွင် အဆင့် ၈၁ ရှိပြီး ကမ္ဘာ့အဆင့် ၂၀၀ ကျော်တွင် ရပ်တည်လျက်ရှိသည့် တက္ကသိုလ်တစ်ခုဖြစ်ကြောင်း သိရသည်။ အဆိုပါ တက္ကသိုလ်က ကမ္ဘာကျော် နိုင်ငံရေးခေါင်းဆောင်များဖြစ်သည့် တောင်အာဖရိကသမ္မတဟောင်း နယ်လ်ဆင်မင်ဒဲလားနှင့် ပါလက်စတိုင်းခေါင်းဆောင် ယာဆာအာရာဖတ်တို့အား ၁၉၉၈ ခုနှစ်တွင် ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ ပေးအပ်ခဲ့ပြီး၂၀၁၁ ခုနှစ်တွင် ဆိုဗီယက်သမ္မတဟောင်း မစ်ခေးလ်ဂေါ်ဘာချော့အားလည်းကောင်း၊ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့တွင် ၁၀ ကြိမ်မြောက်နေရာ တာဝန်ယူဖူးသူ မစ္စတာ Dominique Strauss Kahn နှင့် အမေရိကန်လူမျိုး အနုပညာရှင် တစ်ဦးဖြစ်သည့် Bill Viola တို့အားလည်း ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်သည့် အစဉ်အလာများ ရှိခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။ ယခုလာရောက်သည့် ခရီးစဉ်အတွင်း တက္ကသိုလ်မှ အငြိမ်းစားယူထားသည့် ပါမောက္ခ Albert Corhay နှင့် ပါမောက္ခ EricHaubruge တို့အပြင် အတွင်းရေးမှူးတစ်ဦးတို့ ပါဝင်ကြောင်း၊ အဆိုပါအဖွဲ့သည် ယခုလ ၁၃ ရက်တွင် ရန်ကုန်မြို့သို့ရောက်ရှိပြီး ၁၅ ရက်တွင် နေပြည်တော်တွင် သမ္မတနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း ၎င်းကပြောသည်။ ၎င်းအဖွဲ့ လာရောက်သည့် လေးရက်တာ ခရီးစဉ်အတွင်း စက်မှုတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်သို့ သွားရောက်မည်ဖြစ်ပြီး အချိန်ရရှိမည်ဆိုပါက ဆေးတက္ကသိုလ်နှင့် စီးပွားရေးတက္ကသိုလ်တို့ကိုလည်း သွားရောက်ရန်ရှိသည်ဟု သိရသည်။ ထို့ပြင် အမေရိကန်ပြည်ထောင်စုရှိ ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်သည့် John Hopkins တက္ကသိုလ်နှင့် ရန်ကုန်နှင့် မန္တလေးတက္ကသိုလ်တို့ကြားတွင် ပညာရေးကဏ္ဍ အဆင့်မြှင့်တင်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် Center of Excellence (COE) အစီအစဉ်တွင်လည်း ၎င်းတက္ကသိုလ်က ပူးပေါင်းပါဝင် လုပ်ကိုင်ရန်ရှိကြောင်း သိရသည်။ ပထမဆုံး လာရောက်သည့်နေ့တွင် ရန်ကုန်တက္ကသိုလ်သို့ သွားရောက်ပြီး COE အစီအစဉ်၌ ပူးပေါင်းဆောင်ရွက်သွားနိုင်မည့် နည်းလမ်းများကို သိရှိနိုင်ရန် တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး လေ့လာမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံသို့ လာရောက်သည့် ခရီးစဉ်အတွင်း အဆိုပါတက္ကသိုလ်မှ အဖွဲ့ဝင်များ သမ္မတနှင့် တွေ့ဆုံရန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဦးစီးဆောင်ရွက်ခြင်းဖြစ်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တွေ့ဆုံရန်အတွက် မင်္ဂလာမြန်မာက စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။ သမ္မတအား ဂုဏ်ထူးဆောင်အပ်နှင်းမည့် တက္ကသိုလ်သည် ၁၈၁၇ ခုနှစ်တွင် နယ်သာလန်ဘုရင် King Wilhlem က စတင်တည်ထောင်ခဲ့သော အစိုးရတက္ကသိုလ်တစ်ခုဖြစ်သည်။ လက်ရှိတွင် မဟာဘွဲ့ဘာသာရပ်ပေါင်း ၂၀၀ ကျော် သင်ကြားပေးလျက်ရှိပြီး ပါရဂူဘွဲ့ကျောင်းသား ၁၈၀၀ ကျော် သင်ယူလျက်ရှိကာ ကျောင်းသားစုစုပေါင်း နှစ်သောင်းကျော် ပညာသင်ကြားလျှက်ရှိကြောင်း သိရသည်။

Sunday, October 7, 2012

ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီး မြောင်းမြ သူ မဟာသီရိသုဓမ္မ ဒေါ်ခင်ကြည်



မြန်မာ့လွတ်လပ်ရေးဖခင် ကြီး ဗိုလ်ချုပ်အောင်ဆန်း ၏ ဇနီး သီရိသုဓမ္မ ဒေါ်ခင်ကြည် ကို  အဖ ဦးဗိုလ်ငြိမ်း အမိ ဒေါ်ဖွားစု တို့မှ ၁၉၁၂ ခုနှစ် ဧပြီလ ၁၆ ရက်နေ့တွင် ဧရာဝတီတိုင်း မြောင်းမြမြို့ ၌ မွေးဖွားခဲ့ပါသည်။


ဒေါ်ခင်ကြည်သည် ABM  High School (ယခု အ.ထ.က (၁)ကြည့်မြင်တိုင်) မိန်းကလေး အထက်တန်းကျောင်း တွင် ဆယ်တန်းအောင်ခဲ့သည်။  ဆယ်တန်းအောင်ပြီးနောက် သားဖွားနှင့် သူနာပြုသင်တန်းကို ဒက်ဖရင်အမျိုးသမီးဆေးရုံနှင့် ရန်ကုန်ဆေးရုံကြီး တို့ တွင် အောင်မြင်ခဲ့သည်။



ဗိုလ်ချုပ်အောင်ဆန်းသည် ဒုတိယကမ္ဘာစစ်အတွင်း ဆေးရုံတက်ရောက်ကုသရင်း အကြီးတန်း သူနာပြုဆရာမ ဒေါ်ခင်ကြည်နှင့်ဆုံတွေ့ခဲ့ပြီး ချစ်ကျွမ်းဝင်ခဲ့သည်။ ၁၉၄၂ ခုနှစ်၊ စက်တင်ဘာလ (၆)ရက်နေ့တွင် ဒေါ်ခင်ကြည်သည် ဗိုလ်ချုပ်အောင်ဆန်းနှင့် လက်ထပ်ခဲ့ပြီးနောက်ပိုင်း သား (၂)ယောက်၊ သမီး (၂)ယောက်မွေးဖွားခဲ့သည်။သားကြီး အောင်ဆန်းဦး ၁၉၄၃ ခု ဇွန်လ ၁၃ ရက်နေ့တွင် မွေးဖွားခဲ့သည်၊၁၉၄၄ ခု မေလ ၁၁ ရက်နေ့တွင် ဒုတိယသား အေင်ဆန်းလင်းကို မွေးဖွားခဲ့သည်။
 အောင်ဆန်းလင်းမှာ ငယ်စဉ်ကပင် ရေနစ်၍ ဆုံးပါးခဲ့သည်။၁၉၄၅ ဇွန်လ ၁၉ ရက်နေ့တွင် တတိယမြောက် သမီးကြီး အောင်ဆန်းစုကြည် ကို မွေးဖွားခဲ့သည်။၁၉၄၆ စက်တင်ဘာလ ၂၂ ရက်နေ့တွင် စတုတ္ထမြောက် သမီးငယ် ကို မွေးဖွားခဲ့ သည်။ မွေးဖွားပြီး ၅ ရက်အကြာတွင် ကွယ်လွန်ခဲ့သည်။၁၉၄၇ ဇူလိုင် ၁၉၊ နံနက် ၁၀ နာရီ ၃၅ မိနစ်၌ ရန်ကုန်မြို့ရှိ အတွင်းဝန်များရုံး (ယခု ၀န်ကြီးများရုံး) ၌ အစည်းအဝေးကျင်းပနေစဉ် ဂဠုန်ဦးစော၏ လက်ပါးစေ လူသတ်သမားတို့၏ လုပ်ကြံသတ်ဖြတ်မှုကြောင့် ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးခဲ့သည့် အချိန်မှစကာ မုဆိုးမ ဖြစ်ခဲ့ရသည်။ဒေါ်ခင်ကြည်သည် ခင်ပွန်းဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းနှင့် သမီး  ဒေါ်အောင်ဆန်းစုကြည်တို့ကဲ့သို့ အမျိုးသားခေါင်းဆောင်အဖြစ် မထင်ရှား ခဲ့သော်လည်း သူ့ခေတ်သူ့အခါက မြန်မာနိုင်ငံ၏ သြဇာအကြီးဆုံး အမျိုးသမီး တစ်ဦး ဖြစ်ခဲ့ပါသည်။ ၁၉၄၇ မှ ၁၉၅၂ အထိလွှတ်တော်အမတ် ဖြစ်ခဲ့သည်။ ၁၉၅၈ ခုနှစ်များတွင် မြန်မာအမျိုးသမီးများအသင်းဥက္ကဌဖြစ်ခဲ့သည်။ အခြားသော လူမှု အဖွဲ့အစည်းများတွင်လည်း ခေါင်းဆောင်ဖြစ်ခဲ့သည်။၁၉၅၅ ခုနှစ်တွင်လည်း ထိုင်းနိုင်ငံ ဦးသျှောင် အဖွဲ့တံဆိပ်ကို ချီးမြှင့်ချင်းခံခဲ့ ရသည်။ ၁၉၆၀-ခုနှစ် တွင် အိန္ဒိယနိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီး ဖြစ်ခဲ့သည်။ နီပေါနိုင်ငံသံအမတ်အဖြစ်လည်း ပူးတွဲ တာဝန်ထမ်းဆောင်ခဲ့သည်။ ဒေါ်ခင်ကြည်၏ စွမ်းဆောင်မူကို မြန်မာနိုင်ငံတော်အစိုးရမှ အသိအမှတ်ပြုသောအားဖြင့် မဟာသီရိသုဓမ္မ ဘွဲ့ကို ၁၉၅၁ ခုနှစ်တွင် ချီးမြင့်ခဲ့သည်။
ဒေါ်ခင်ကြည်သည် မတ်လ ၂၈ရက် ၁၉၈၈ ခုနှစ်တွင် လေဖြတ်ခြင်း ဝေဒနာကို ခံစားခဲ့ ရပြီး ဒုတိယအကြိမ် လေဖြတ်ဝေဒနာ ထပ်မံ ခံစားရသည့်အတွက် ၁၉၈၈ ခုနှစ်  ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။ ရုပ်အလောင်း အား ရွှေတိဂုံဘုရား တောင်ဘက်မုခ်တွင် ဂူသွင်းမြှုပ်နှံခဲ့သည်။ ထိုနေရာတွင် စုဖုရားလတ်၊ သခင်ကိုယ်တော်မှိုင်းနှင့် ကုလသမ္မဂ္ဂအတွင်းရေးမှူးချုပ် ဦးသန့်တို့၏ ဂူများလည်းရှိသည်။
Dawkhinkyi
မဟာသီရိသုဓမ္မ ဒေါ်ခင်ကြည် အုတ်ဂူ အရှေ့ဘက် မြင်ကွင်း (photo :: yeenyoneyar.blogspot.in)


Dawkhinkyi1
မဟာသီရိ သုဓမ္မ ဒေါ်ခင်ကြည် အုတ်ဂူ ကမ္ဗည်း စာ (photo :: yeenyoneyar.blogspot.in)


Dawkhinkyi2
မဟာသီရိသုဓမ္မ ဒေါ်ခင်ကြည် အုတ်ဂူ အနောက်ဘက် မြင်ကွင်း (Photo :: yeenyoneyar.blogspot.in)

Saturday, October 6, 2012

မြန်မာအလှမယ် မစ္စမြန်မာအင်တာနေရှင်နယ် ပြိုင်ပွဲမှာ ပထမဆုံးအကြိမ် ပါဝင်ယှဉ်ပြိုင်

အောက်တိုဘာလ ၂၁ ရက်နေ့မှာ ဂျပန်နိုင်ငံ၊ အိုကီနာဝါမှာ ကျင်းပ မယ့် Miss International Beauty Pageant 2012 ပြိုင်ပွဲမှာ မြန်မာနိုင် ငံမှ ပထမဆုံး အကြိမ် ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
(၅၂)ကြိမ်မြောက်အဖြစ် ကျင်းပတဲ့ ဒီပွဲကြီးမှာ ပါဝင်ဖို့အတွက် Miss Myanmar International ဆုရှင် မနန်းခင်ဇေယျာဟာ အောက်တိုဘာ လ ၁ ရက်နေ့က မြန်မာနိုင်ငံမှ ထွက်ခွာသွားခဲ့ပါပြီ။
ဒီပြိုင်ပွဲကြီးမှာ နိုင်ငံပေါင်း ၅၀ ကျော် မှ အလှမယ်များ ပါဝင်ယှဉ်ပြိုင် ကြမှာဖြစ် ပြီး မြန်မာနိုင်ငံကိုလည်း ပါဝင်ဖို့အတွက် International Cultural Association မှ ဖိတ်ကြားခဲ့တာဖြစ်ပါတယ်။
ပြိုင်ပွဲဝင်မယ့် မနန်းခင်ဇေယျာက ပြိုင်ပွဲအတွက် ပြင်ဆင်ချိန်သိပ်မရခဲ့ ဘူး လို့ ဂျပန်နိုင်ငံကို မထွက်ခွာခင်မှာ ပြောခဲ့ပါတယ်။
"ကြိုတင်ပြင်ဆင်မှုမှာတော့ အားရမှု လုံးဝမရှိဘူး။ ဘာဖြစ်လို့လဲဆို တော့ ဒီပွဲ အတွက် စက်တင်ဘာလ ၂ ရက်နေ့ကမှ စကမ်းလှမ်းတယ်။ ကျွန်မက စက်တင် ဘာလ ၁၀ ရက်ကနေ ၁၅ ရက်နေ့ထိ ဗီယက်နမ် မှာကျင်းပတဲ့ International Travel Expo ကို သွားရတော့ ပြင်ဆင် ချိန်သိပ်မကျန်တော့ဘူး"လို့ အသက် ၂၃ အရွယ် မြန်မာကိုယ်စားပြု အ လှမယ်လေးက ပြောပါတယ်။
ယဉ်ကျေးမှုအသားပေး ပြိုင်ပွဲဖြစ် တာကြောင့် ရတဲ့အချိန်တိုအတွင်းမှာပဲ မြန်မာ့ယဉ်ကျေးမှုကို ဖော်ထုတ်ပြသနိုင်မယ့် ဆင်ယင်မှုတွေ
ကို ပြင်ဆင်ခဲ့တယ်လို့လည်း ဆိုပါတယ်။ လိုအပ်တဲ့ ၀တ်စုံ တွေကို ဒီဇိုင်နာပြည်စိုးအောင်၊ မမဉ္ဇူနဲ့ မသွင်စုထွေးတို့က စီစဉ်ပေးကြပြီး ၀တ်စုံခုနစ်စုံ ၀တ်ဆင်မယ်လို့လည်း ပြောပါတယ်။
"မြန်မာနိုင်ငံရဲ့ဓလေ့အတိုင်း ဆွမ်းအုပ်လေးကိုင်မယ်။ ကုန်းဘောင်ခေတ်ပုံစံ မြန်မာဝတ်စုံလေးကို ၀တ်မယ်။ ကျွန်မက တစ်ယောက် တည်းသွားရမှာ ဆိုတော့ မိတ်ကပ်လည်း ကိုယ်တိုင်ပြင်ရမှာပါ"လို့ ရှမ်းတိုင်းရင်းသူလေးဖြစ်တဲ့ မနန်းခင်ဇေယျာက ပြောပါတယ်။
အင်္ဂလိပ်နဲ့ ဂျာမန်စကားပြန်အဖြစ် ငါးနှစ်ကြာ အလုပ်လုပ်ခဲ့ဖူးတဲ့ အလှမယ် လေးက အနုပညာအလုပ်တွေကို အရင် က တစ်ခါမှမလုပ် ခဲ့ဖူးဘူးလို့လည်း ဆိုပါ တယ်။
"အနုပညာကိုတော့ ငယ်ငယ်ကတည်းက ၀ါသနာပါတယ်။ ဒါပေမယ့် လျှောက်လှမ်းရမယ့်ဘ၀အတွက် ကိုယ့်ကိုယ်ကိုယ် ရပ်တည်နိုင် အောင် ဂိုက် လုပ်တာပါ။ ဂိုက်လုပ်ရင်းနဲ့မှ Miss Myanmar International 2012ကို ၀င်ပြိုင်ဖြစ်သွားပြီး မမျှော်လင့်ဘဲ ဆုရခဲ့ တာပါ။ အဲဒါကြောင့် ဂိုက်မှာလည်း အချိန်ပေးပြီး စာကိုမနည်းဖတ်ပြီး လေ့လာထားရတယ်။ အခုဆိုလည်း မစ္စမြန်မာအင်တာနေရှင် နယ်ဆုကို လည်း ခက်ခက်ခဲခဲနဲ့ ရခဲ့တယ်။ အဲဒါကြောင့် နှစ်ခုစလုံးကိုတော့ မစွန့်လွှတ်ချင်ဘူး"လို့ အလုပ်နဲ့ အနုပညာအပေါ် ထားတဲ့ သူရဲ့ခံယူချက်ကိုပြောပါတယ်။
ပြိုင်ပွဲမှာ Miss International၊ 1st Runner-Up ၊ 2nd Runner-Up ဆု တွေအပြင် တခြားဆုတွေကိုလည်း ပေးအပ်သွားမှာ ဖြစ်ပါ တယ်။
ထူးခြားတဲ့ ဆုတစ်ခုကတော့ Miss Internet ဆု ဖြစ်ပြီး ကိုယ့်အကြိုက်ဆုံးအလှမယ်ကို အင်တာနက်ကနေ မဲပေးကြရမှာဖြစ်ပါ တယ်။ မဲအများဆုံးရရှိတဲ့ အလှမယ်က ဒီဆုကို ရရှိမှာဖြစ်တာကြောင့် မြန်မာပြည်သူ၊ ပြည်သားများလည်း မနန်းခင်ဇေယျာ အတွက် ပါဝင်မဲ ပေးနိုင်ကြပါတယ်။
ပြိုင်ပွဲနဲ့ပတ်သက်လို့ အသေးစိတ် အချက်အလက်တွေ သိချင်တယ်ဆိုရင် လည်း www.miss-international. org မှာ ၀င်ရောက်လေ့ လာနိုင်ပါတယ်။

မြန်မာတိုင်း ။

မြောင်းမြမှ သဌေးတစ်ဦး ရခိုင်ပြည်သို့ ဗုဒ္ဓရုပ်ပွားတော် ၂၀၀၀ ကျော်လှူဒါန်း

ရခိုင်ပြည်နယ်စစ်တွေမြို့မှ
ရသေ့တောင်မြို့သို့ ဗုဒ္ဓရုပ်ပွားတော်
ငါးရာ အောက်တိုဘာလ ၃ရက်နေ့
 နေ့လည် ၁နာရီခန့်တွင် မော်တော်
ဘုတ်ဖြင့်ပင့်ဆောင်တော်မူခဲ့ကြောင်း
 သတင်းရရှိသည်။

ယင်းဗုဒ္ဓရုပ်ပွားတော်များကို ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်အတွင်းက
သူဌေးတစ်ဦးမှ ဇွန်လအတွင်း ရခိုင်ပြည်တွင်ဖြစ်ပွားခဲ့သော ဘင်္ဂလီ-ရခိုင်
 အဓိကရုဏ်းအတွင်း ဗုဒ္ဓဘာသာ ရခိုင်ပြည်သူများ ဘုရားရုပ်ထုတော်များကို ထမ်းရွက်လျက် ပြေးလွှားနေကြပုံများကို မြင်တွေ့ရ၊ ဘုန်းတော်ကြီးကျောင်း
များကို မီးရှို့ခံရခြင်းများကို မြင်တွေ့ရ၍ ရင်ထုမနာခံစားရပြီး 'ငါသည်
ဗုဒ္ဓရုပ်ပွားတော်များကို လှူမည်'ဟု စေတနာ သဒ္ဓါတရား စိတ်အားထက်
သန်လာပြီး ရခိုင်ဘေးဒုက္ခကယ်ဆယ်ရေးအဖွဲ့ (ရန်ကုန်)သို့ ဗုဒ္ဓရုပ်ပွားတော်
 (၂၀၀၀)ကျော်လှူဒါန်းခဲ့ရာမှ ရသေ့တော်မြို့နယ်သို့ ရုပ်ပွားတော် ၅၀၀

လှူဒါန်းခြင်းဖြစ်ကြောင်း သိရှိရသည်။

ယင်းရုပ်ပွားတော်များကို အောက်တိုဘာလ ၂ရက်နေ့က စစ်တွေမြို့ ပညာ
 လင်္ကာရကျောင်းတိုက်တွင် ဘုရားအနေကဇာတင်ပြီး ဖြစ်ကြောင်း
သိရှိရသည်။



ရသေ့တောင်မြို့သို့ ရောက်ရှိလာသော ဗုဒ္ဓရုပ်ပွားတော်များသည်
 ရသေ့တောင်မြို့၊ အလိုတော်ပြည့်ကျောင်းတိုက်အတွင်းရှိ ဗောဓိသုခဓမ္မာရုံတွင်
ယာယီကိန်းဝပ်လျက်ရှိပြီး၊ ယခုလာမည့်သတင်းပတ်အတွင်း ဗုဒ္ဓဘာသာ ရခိုင်ကျေးရွာများသို့ ပေးဝေလှူဒါန်းသွားမည်ဖြစ်ကြောင်း ဗုဒ္ဓရုပ်ပွားတော်များ
ကို ပင့်ဆောင်လာသော ရသေ့တောင်မြို့မိ၊ မြို့ဘများက ဆိုသည်။
 

Wednesday, October 3, 2012

စက်တင်ဘာ ၂၁ရက် နေ့ World peace day ကိုလေးစားသောအားဖြင့်

                 ငြိမ်းချမ်းရေးခေါ်သံ
        ထောင့်ကိုးရာ  လေးဆယ့်ရှစ်
        စခဲ့တဲ့  ပြည်တွင်းစစ်၊
        နှစ်ပေါင်းခြောက်ဆယ်  ကျော်အောင်
        တို့သွေးချင်းတွေ  လက်နက်ဆောင်၊
        ညီနောင်အချင်းချင်း  ဖြစ်တဲ့စစ်
        တို့နှလုံးသားထဲမှာ  ဆူးလိုနစ်၊
        ငြိမ်းချမ်းပါတော့  စစ်ကြီးရယ်
        တို့လူငယ်တွေ တောင်းဆိုတယ်၊
        ပြည်တွင်းစစ်တွေ  ရပ်တန့်ကြ
        ပြည်ထောင်စုမှာ  ပန်းခင်းကြ။

Friday, August 17, 2012

မြောင်းမြလူငယ်ကွန်ယက်ရေဘေးသင်.ပြည်သူတွေအားကူညီထောက်ပံ့ရေးအတွက်ဆောင်ရွက်နေမှုများ

အင်းဒီနေနဲ.ဆိုနေရောင်ကိုပြန်မြင်ရတာ နှစ်ရက်လောက်တော.ရှိရောပေါ့။တော်သေးတာပေါ့ပြန်မြင်ရလို.
မမြင်ရရင်လည်းရေဘေးသင့်ပြည်သူတွေအတွက်ရင်လေးစရာဘဲနော်။ဒီလိုမိုးတွေရွာကောင်းနေချိန်မှာကျ
တော်တို.မြောင်းမြမှာဖွဲ.စည်ထားတဲ. မြောင်းမြလူငယ်ကွန်ယက်အဖွဲ.လေးတော.မိုးရွာထဲမှာရေဘေးသင်.
ပြည်သူတွေအတွက်ကူညီမှုများပြုလုပ်နိုင်ရန်အတွက်ရေဘေးသင့်ဒေသတွေကိုမိမိတို.ကိုယ်တိုင်သွားရောက်
ကွင်းဆင်းလေ.လာခဲ.ပါတယ်။ချက်ချင်းဆိုသလိုမြောင်းမြကိုပြန်လာပြီးအလှူရှင်းများထံမှအလှူငွေများကို
လည်းမိုးထဲလေထဲမှာလူငယ်တွေအိမ်တိုင်ရာရောက်သွားရောက်ကောက်ခံပြီးရေဘေးသင်.ပြည်သူများအတွက်
အဖွဲ.သားများရဲ.ငွေကြေးများပေါင်းစပ်ကာသွားရောက်လှူဒါန်းမှုများပြုလုပ်နိုင်ရင်အတွက်ကြိုးစားနေကြပါ
တယ်။ကျတော်တို.အဖွဲ.လေးမှာရရှိလာတဲ.ထောက်ပံ့ပစ္စည်းလေးတွေနဲ.မိမိတို.မှာရှိတဲ.အသင်းရန်ပုံငွေလေး
ပေါင်းစပ်ပြီးရေဘေးသင်.ဒေသမှာအမှန်တယ်လိုအပ်နေတဲ.ထောက်ပံ့ပစ္စည်းများကိုနောက်ရက်အနည်းငယ်
အတွင်းမှာသွားရောက်လှူဒါန်းပါတော.မယ်။အလှူရှင်များအနေဖြင့်လည်းသဒ္ဒါ ကြည်ဖြူစွာဖြင့်ပါဝင်လှူဒါန်း
ပေးကြပါရန် မြောင်းမြလူငယ်ကွန်ယက်ကိုယ်စားကျတော်ကဖိတ်ခေါ်လိုက်ပါတယ်။